ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ လှည်းတန်းလမ်းရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း စာသင်ကျောင်းဝင်း အတွင်း၊ အပြင်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့နံနက် ၆ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်လုံခြုံရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ အပင်များပုံသွင်းခြင်း၊ သစ်ကိုင်းခြောက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် သိမ်းဆည်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ ကျောင်းခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းနှင့် သွေးလွန်တုတ်ကွေးအသိပညာပေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ကျောင်းဖွင့်ချိန်၌ ကျောင်းသူ၊ ကျောင်းသားများ သွေးလွန်တုတ်ကွေးနှင့် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရန်အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)