တွံတေး မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်တွင် ရပ်ကွက်အတွင်းရှိ အသက် ၁ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးခြင်းကို ယမန်နေ့နံနက်၉ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၁ နှစ်မှ အသက် ၅ နှစ်အရွယ်ကလေးများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းရီနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။
မျိုးလှိုင်- တွံတေး