တိုက်ကြီး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ည ၇ နာရီခန့်က မိုးရွာသွန်းမှုကြောင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံခြံစည်းရိုးပေါ်သို့ သစ်ပင်ပြိုလဲမှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်မီးသတ်စခန်းမှ သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးဇော်ချစ်ထက်ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမျိုးထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၉ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးတို့က မြို့နယ်ပြည်သူ့ဆေးရုံခြံစည်းရိုးပေါ်သို့ ပြိုလဲနေသော လုံးပတ် ၁ ပေခွဲခန့်၊ အမြင့် ၃၀ ပေခန့်ရှိသော စိန်ပန်းပင်အား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ အဆိုပါ သစ်ပင်ပြိုလဲမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။
ဝတ်ရည် (တိုက်ကြီး)