ကွမ်းခြံကုန်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြန်မာသဒ္ဒါနှင့် စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုတတိုးပွားလာစေရန်၊ မြန်မာစာ၊ မြန်မာစကား၊ သဒ္ဒါအသုံးအနှုန်း ကျွမ်းကျင်တတ်မြောက်စေရန်နှင့် စာစီစာကုံးရေးသာရာတွင် လွယ်ကူစွာရေးသားနိုင်ရေးအတွက် ယခုလို သင်တန်းတွေဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဆရာမဒေါ်သင်းသင်းအေးက စာစီစာကုံးရေးသားနည်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ပထမဆုရရှိသော မနွယ်နီဝင်း၊ ဒုတိယဆုရရှိသော မဖြူစင်အောင်၊ တတိယဆုရရှိသော မနှင်းရွှေဇင်တို့အား သက်ဆိုင်ရာတာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းအား မေလ(၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ ၁၀ ရက်ကြာ အခမဲ့သင်ကြားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)