စမ်းချောင်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စာရေးဆရာမတင့်တယ်ခင်က မုဒိတာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာမချောချော၏ ရောင်သွေးစုံတဲ့ပရဟိတစာပေသမား ရသဝတ္ထုတိုအား ဖတ်ကြားဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက တစ်ဦးချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)