သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဉာဏ်စမ်းပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

သုံးခွ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ယခုလို ပြိုင်ပွဲများပြုလုပ်ပေးရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ မှတ်ဉာဏ်စွမ်းရည်တိုးတက်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရစေမည့် စာအုပ်စာစောင်များကို ဖတ်ရှု့စေလိုကြောင်းပြောကြားပြီး ကျောင်းသား/သူလေးများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ဉာဏ်စမ်းပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများအား အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)