လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “​အောင်မြင်ရေးသော့ချက်” စာအုပ် စာဖတ်ဝိုင်းပြုလုပ်

သုံးခွ မေ ၂၄

ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ၊  စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင် ရေးသားသည့် "အောင်မြင်ရေးသော့ချက်” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မတ်လ (၂၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး  Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က စာရေးဆရာ ညီညီနိုင် ရေးသားသည့် “အောင်မြင်ရေးသော့ချက်” စာအုပ်ပါအကြောင်းအရာများထဲမှ "တစ်ခြားသူများရဲ့ အောင်မြင်မှုတွေကိုအားကျမှု” ခေါင်းစဥ်ဖြင့် ပြောကြားရာ တစ်ခြားလူတွေရဲ့အောင်မြင်မှုကို မိမိအောင်မြင်မှုနဲ့မခြား အားကျတဲ့အလေ့အကျင့်ဟာ စိတ်ဓာတ်ကိုဖွံ့ဖြိုးစေပြီး မိမိရည်မှန်းချက်ကိုလဲ အားပြည့်စေပါကြောင်း၊ တစ်ဖက်သားရဲ့အောင်မြင်မှုကို အပြုသဘောဆောင်တဲ့အမြင်နဲ့ အသိအမှတ်ပြုခြင်းအားဖြင့် သူတို့ရဲ့အောင်နိုင်ရေး မဟာဗျူဟာတွေကိုလည်း နားလည်ခွင့်ရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်၊၊

ထို့နောက် Youth Club အဖွဲ့ဝင် အောင်မြင့်မြတ်က “ဝါသနာတစ်ခုဆောင်ထား” ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းဂီတ စသည်ဖြင့် အပျင်းပြေဝါသနာတစ်ခု ရှိသင့်ပါကြောင်း၊ ဒီဝါသနာအရ စိတ်အပမ်းပြေသလို ပျော်ရွှင်မှုလဲရမှာဖြစ်ပါကြောင်း၊ မိမိရဲ့နိစ္စဓူဝအလုပ်တွေနဲ့ တာဝန်တွေက စိတ်ကိုအားလပ်အနားယူခွင့် ပေးမှာလည်းဖြစ်ပါကြောင်း ပြောကြားသည်၊၊

စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်၊၊

စည်သူလင်း(ပြန်/ဆက်)