အင်းစိန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာကြီးဒေါက်တာ မြင့်ခိုင်ရေးသားသည့် ထူးခြားစုံပေဖန်ခါးမြေ စာအုပ်မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်မိတ်ဆက်ပွဲတွင် Book Club အဖွဲ့ နာယကဦးရန်နောင် (ရန်နောင်-ပညာ)နှင့် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံဏိ- တောင်တွင်းကြီး)၊ မြန်မာနိုင်ငံစာရေးဆရာ အသင်း (ဗဟို)ဆရာအောင်ကြည်ညွှန့်၊ ကာတွန်းဆရာ ရွှေမင်းသားတို့ကမုဒိတာစကား ပြောကြားခဲ့ပြီး စာရေးဆရာကြီးဒေါက်တာ မြင့်ခိုင် စာအုပ်ဖြစ်မြောက်ရေးအတွက်ကြိုးစား အားထုတ်ခဲ့ပုံနှင့် ရင်ထဲပိတိဖြစ်ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်မိတ်ဆက်ပွဲသို့တက်ရောက်လာကြသော အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက် (၁၂)တိုက်မှ ကော်မတီဝင်များကိုစာရေးဆရာ ကြီးဒေါက်တာ မြင့်ခိုင်ရေးသားသည့် ထူးခြားစုံပေဖန်ခါးမြေ စာအုပ်များကို ဆရာကြီးကိုယ်တိုက် စာအုပ်များ လက်ဆောင်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများ၊ စာပေချစ်မြတ်နိုးသူများအသင်း BookClub အဖွဲ့၀င်များ၊ စာရေးဆရာများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(အင်းစိန်)