အလုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

အလုံ   မေ ၂၄

 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်မှစ၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုတီးမှုတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခြင်းနှင့် အလုံမြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက အမှာစကားပြောကြားခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်မှ အခမဲ့ပညာရေးအတွက် ဖြန့်ဝေထားသော(အခမဲ့) ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်စာရေးကိရိယာများအပြင် မူလတန်းဆင့်တွင် ကျောင်းဝတ်စုံများအားပေးအပ်ခဲ့ပြီးအမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအားအောင်မြင်စွာပြီးမြောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လာရောက်ကျောင်းအပ်နှံကြသော မိဘ၊အုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကျောင်းအုပ်ကြီးများ၊ဆရာ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်က‌‌လေးစောင့်ရှောက်‌ရေး အသင်းနှင့် မိဘဆရာ၊ ကျောင်းအကျိုးဆောင်အဖွဲ့များက တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)