လှည်းကူး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)၌ ၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်ပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကေသီခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးမိသူနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် ဖျော်ဖြေသီဆိုပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှပေးအပ်သော ကျောင်းသုံးစာရေးကိရိယာပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ခြင်း၊ အလှူရှင်များကလည်း ကျောင်းသုံးပစ္စည်းများ ပေးအပ်ပြီးနောက် ကျောင်းအကျိုးတော်ဆောင် ဒေါက်တာအောင်မြတ်သူက အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး)မှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံကိုချီတို့လှမ်းရည်” သီချင်းဖြင့် နှုတ်ဆက်သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)