ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ဆီဆိုင် မေ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်()ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ (၂၃)ရက်နေ့ နံနက် ()နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ ကျေးရွာအုပ်စု အုပ်ချုပ်မှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ပေးနေမှုကို ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များတို့က လာရောက်ကြည့်ရှုခဲ့ပြီး ပန်းခင်းစီမံချက်အဆင့်()ဖြင့် ဒေသခံပြည်သူများအတွက် ဆောင်ရွက်ပြီးစီးပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၂)ကတ်အား ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ဒေသခံပြည်သူများထံသို့ အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဘန်းယဉ်ကျေးရွာအုပ်စု၊ ကွန်နားကျေးရွာ၌ ဒေသခံပြည်သူများအား Biometric ဆောင်ရွက်ပေးနေမှုများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)