ပလောက်မြို့၌ သာသနဓဇဓမ္မာစရိယ B. A (Buddhism) ဘွဲ့တံဆိပ်တော်ရ အရှင်ဝိသေသကအား မြို့အတွင်းသို့ လှည့်လည်ပူဇော်

ပလောက် မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝရ၏ တပည့် သာသနဓဇဓမ္မာစရိယ B. A (Buddhism) ဘွဲ့တံဆိပ်တော်ရ အရှင်ဝိသေသ ကအား မြို့အတွင်းသို့ လှည့်လည်ပူဇော်ခြင်းကို ယနေ့နံနက် ၇ နာရီက ပူဇော်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သာသနဓဇဓမ္မာစရိယ B. A (Buddhism) ဘွဲ့တံဆိပ်တော်ရ အရှင်ဝိသေသကအား မြို့အတွင်းသို့ လှည့်လည်ပူဇော်ခံပြီးနောက် ၂၀၂၅ ခုနှစ် ၊မေလ (၂၅) ရက် နံနက် ၇နာရီမှ ( ၁၂) နာရီအထိ ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်၌ဆရာတော်နှင့် ခမည်းတော်၊ မယ်တော်နှင့် ဦးရီးတော် ဒါယကာ၊ ဒါယိကာများက ဂုဏပူဇာမင်္ဂလာ အမ်းအနားကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)