လွိုင်လင် မေ ၂၄
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ပါသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။ ဦးစွာ အထက(၁) ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းအပ်နှံရေးတို့အလေးပေးသီချင်း သီဆိုကပြပြီး ဖွင့်လှစ်ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ပညာရေးမှူးက ပညာရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ကျောင်းသုံးစာအုပ်များ၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် လွိုင်လင်မြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၅၃)ကျောင်းရှိကြောင်း ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှုဦးရေ နှစ်သောင်းကျော် မျှော်မှန်းထားကြောင်း မေလ (၂၃)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ ကိုးထောင်ကျော် လာရောက်အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး