မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (CommunityCentre) တွင် (Youth Club) အဖွဲ့ဖြင့် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့် မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community  Centre) ၌ (Youth Club) အဖွဲ့ဖြင့် စာရေးဆရာ‌တင့်ခိုင်ရေးသားသည့် “ကိုယ်ကျင့်တရားဆိုင်ရာပုံပြင်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေလ ၂၁ ရက်နေ့ မွန်းလွဲ (၁၃:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြော​ကြား ဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာမ မေ(ရန်ကုန်)က စာရေးဆရာတင့်ခိုင်ရေးသားသည့် “ကိုယ်ကျင့်တရားဆိုင်ရာပုံပြင်များစာအုပ်” မှ “စပျစ်သီးချဉ်တယ်နှင့်ဆူးပါတဲ့အပင်” ခေါင်းစဉ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး   မောင်ပြည့်ဘုန်းပိုင်နှင့်‌မသွန်းထက်ရွှေစင်တို့က ပြန်လည်ဆွေး‌နွေးခဲ့ကြသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မြတ်အေး