သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်

လယ်ဝေး မေ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ​ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည့်  ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့်သွင်းအားစု ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ အောင်နိုင်တိုးနှင့် ပေါ်ဆန်းမွှေးစပါးမျိုးများ စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်အထွက်တိုး မျိုးစပါးအသုံးပြုရေး၊ သဘာဝမြေဩဇာသုံးစွဲရေးနှင့် ကြဲပက်စိုက်ပျိုးခြင်းအစား Seeder စနစ်ဖြင့်စိုက်ပျိုးရေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော အသင်းသားတောင်သူများမှ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အသင်းသားတောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့်သွင်းအားစု ပေးအပ်ပွဲအခမ်းအနားသို့ သမဝါယမအသင်း (၁၀)သင်းမှ အသင်းသားတောင်သူ (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)