မိုင်းယောင်း မေ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော ခရိုင် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဟောင်ကြန့်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ကင်းစင်ရေး အသိပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆွေးနွေးပွဲကိုပြုလုပ်ရာ တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း၍ ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)