နေပြည်တော် မေ ၂၄
ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။
ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး သင်တန်းတွင် သင်ကြား ပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းကို ဆက်လက်သင်ကြားရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ဆောင်းပါးအမျိုးအစားများ၊ ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ဆောင်းပါးသတင်းတည်ဆောက်ပုံ၊ ဆောင်းပါးဟူသော စကားလုံး၏ ဝေါဟာရအနက်အဓိပ္ပါယ်၊ ဆောင်းပါးခေါင်းစဉ်၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးတို့တွင် စကားလုံးအသုံးပြုပုံများ၊ ကိန်းဂဏန်းများ သုံးစွဲပုံ၊ စကားလုံးအသုံးအနှုန်းများနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ သတင်းဆောင်းပါး ရေးသားရာတွင် အကြောင်းအရာတစ်ခုကို ဘက်ပေါင်းစုံမှ အချက်အလက်ရယူစုဆောင်း၍ ဝိုင်ခွက်ပုံသဏ္ဍာန်၊ သဲနာရီပုံသဏ္ဍာန်စသည်ဖြင့် သင့်လျော်သလို ရေးသားသင့်ပုံတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)