ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန် မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ်မြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာနတွင် ယနေ့နေ့လယ်အချိန်က စာရေးဆရာဟိမဝန္တာ ရေးသားသော  တိုင်းရင်းသားတို့၏ ရိုးရာအယူအဆများနှင့် ဂမ္ဘီရနယ်ပယ်စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှုးဒေါ်စိမ်းလဲ့က စာရေးဆရာ ဟိမဝန္တာ၏စာအုပ်တွင် မြန်မာ့လူ့အဖွဲ့အစည်းထဲမှ တိုင်းရင်းသားများအကြောင်းကို နက်နက်ရိူင်းရိူင်းကြည့်မြင်ကာ၊ တိုင်းရင်းသားများ၏ ယုံကြည်ချက်များ၊ ယဥ်ကျေးမှုဖွံ့ဖြိုးမှုနှင့်ပက်သက်သော အတွေးအခေါ်များ ဂရုပြုရည်ရွယ်ရေးသာထားသည်ဖြစ်ကြာင်း ရှင်းလင်းဆွေးနွေးပါသည်။
 ဆက်လက်၍ ဆရာမသင်သင်းနိုင်မှ တိုင်းရင်းသားတို့၏ ရိုးရာအယူအဆများ၊ ထုံးတမ်းအစဥ်အလာတွင် နေရာယူနေသော ဘာသာရေးနယ်ပယ်၊ လူမှု့ရေနယ်ပယ်များ တိုင်းရင်းသားများသည် သဘာဝနှင့်လူသားဘဝကို တစ်စိတ်တပိုင်းအနေဖြင့် တရားဝင်သဘောထားကြရန်၊ ရုပ်ပိုင်းနှင်စိတ်ပိုင်းဆိုင်ရာများကို ခွဲခြားသိရှိရန်လိုအပ်ကြောင်း၊ ဥပမာများဖြင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်သူများမှလည်း မတူညီသောခေါင်းစဉ်များဖြင့်လည်းကောင်း၊ အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီမှုးဒေါ်စိမ်းလဲ့မှ ဖတ်ရှုဆွေးနွေးချက်များအပေါ်  ပြန်လည်သုံးသပ်‌ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)