တောင်ငူမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လစာများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ

တောင်ငူ ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ မေလ ၂၁ နေ့နံနက်ပိုင်းက တောင်ငူမြို့နယ် မြန်မာ့စီးပွာရေးဘဏ်ခွဲတွင် ထုတ်​ပေးလျက်ရှိသည်။

ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အခက်အခဲမရှိစေရေးနှင့် အဆင်ပြေစေရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။ တောင်ငူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စား (၉၀၀၀)ကျော်ရှိပြီး ပင်စင်လစာများကို လစဉ်(၂၁) ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း တောင်ငူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

ခရိုင် (ပြန်/ဆက်)