လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ကျေးရွာ အလင်းတန်းစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင်  စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ကျေးရွာ အလင်းတန်း စာကြည့်တိုက်သို့ ကွင်းဆင်း ဆောင်ရွက်ခြင်းကို မေလ ၂၁ ရက်နေ့ နေ့လယ် (၃) နာရီအချိန်က ညောင်ကျေးရွာ အလင်းတန်းစာကြည့်တိုက်တွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့၀င်တို့က စာအုပ်စာစောင်များအား ညောင်ကျေးရွာစာကြည့်တိုက်မှူးအား ပေးအပ်လှူဒါန်းပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီကလှူဒါန်းသည့် စာကြည့်တိုက်တစ်တိုက်လျှင် သံစာအုပ်စင်(၁)စင်၊ ပလတ်စတစ်ကုလားထိုင်(၈)လုံးနှင့် သုတ၊ ရသ စာအုပ်(၄၁)အုပ်တို့ကို မြို့နယ်အတွင်းရှိ အမှတ်(၇)ရပ်ကွက် အရုဏ်ဦးစာကြည့်တိုက်၊‌ ရွှေလင်ပန်းကျေးရွာ ရွှေလ၀န်းစာကြည့်တိုက်၊ ဒိုင်စုကျေးရွာ သုတရိပ်မြုံစာကြည့်တိုက်နှင့် ညောင်‌ကျေးရွာ အလင်းတန်းစာကြည့်တိုက်တို့ကို ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ထပ်ဆင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ညောင်ကျေးရွာရှိ ကျောင်းသူ၊ ကျောင်းသားများက စာကြည့်တိုက်ရှိ စာအုပ်၊ စာ‌စောင်များကို စိတ်ပါ၀င်စားစွာ လေ့လာဖတ်ရှုလျက်ရှိကြောင်းနှင့် ညောင်‌ကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ တာ၀န်ရှိသူတို့ကပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခင်၀င်းမူ (ပြန်/ဆက်)