လှိုင် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို မေလ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိဘပင်စင်စားများအား လစဉ်ပုံမှန် ၂၁ ရက်နေ့တွင် ပင်စင်လစာများအဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျကြိုတင်ပြင်ဆင်ထားရှိပြီး အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများအား ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)