တောင်ဥက္ကလာပ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး၊ တောင်ဥက္ကလာပမြို့နယ်နာယကများနှင့်အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို မေလ ၁၉ ရက်နေ့နံနက်ပိုင်းအချိန်က ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သဘာပတိဦးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးဦးရှမ်းလေးက တောင်ဥက္ကလာပမြို့နယ်အတွက် နာယကများနှင့် အလုပ်အမှု ဆောင်များ ပြန်လည်ရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နာယကများ၊ အလုပ်အမှုဆောင်များကို ရွေးချယ်ဆောင်ရွက်ခြင်း၊ အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ ဆက်လက်လုပ်ဆောင်မှုများနှင့် လုပ်ဆောင်မည့်အကြောင်းအရာများကို ပူးပေါင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားတွင် ပြန်လည်ရွေးချယ်ခဲ့သည့်ဥက္ကဋ္ဌက တက်ရောက်လာသူများအား မိတ်ဆက်စကားပြောကြားပြီး သဘာပတိမှမြန်မာနိုင်ငံပန်းပညာရှင်များအစည်းအရုံး တောင်ဥက္ကလာပမြို့နယ်နာယကများနှင့် အလုပ်အမှုဆောင်များပြန်လည်ရွေးချယ်ခဲ့သည်နှင့်ပတ်သက်ပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
ခင်ဆွေနှင်း