ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီ ပြိုင်ပွဲလှုပ်ရှားမှုများဆောင်ရွက်

ပုဇွန်တောင် မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများစာကြည့် တိုက်အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန်ရည်ရွယ်၍ မေလ ၂၀ ရက် နေ့နံနက် ၁၀း၃၀ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲဆောင်ရွက်မှုများကို ကျောင်းသူလေးများပျော်ရွှင်စွာပါဝင်ခဲ့ကြပြီး ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ နေဖြင့် လူငယ်များစာကြည့်တိုက်အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်တိုးတက်‌ကောင်းမွန်စေရန်ရည်ရွယ်၍ လစဉ်လတိုင်း ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်