ကြည့်မြင်တိုင် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မေ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ထီးတန်းရပ်ကွက်၊ စျေးကလေးရပ်ကွက်အတွင်း၌ အသက် ၁ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခင်မောင်လွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဆေးထိုးသည့် ကလေးငယ်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း၌ အသက် ၁ နှစ်မှ အသက် ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရပ်ကွက်များအတွင်း၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)