ကော့သောင်း မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကော့သောင်းခရိုင်၊ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အခြေခံပညာ ဆရာ၊ ဆရာမများ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) စာမေးပွဲကို ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စတင်ဖြေဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)စာမေးပွဲတွင် သင်တန်းသား၊ သူ ဆရာ၊ ဆရာမ(၉၃)ဦးက သင်ပြနည်းဘာသာရပ်များနှင့် ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုဘာသာရပ်များဖြစ်ကြသည့် ပညာရေးသဘောတရား၊ ဂီတအနုပညာ၊ ပညာရေး စိတ်ပညာ၊ စိုက်ပျိုးရေး၊ မြန်မာသင်ပြနည်း၊ အိမ်တွင်းမှု/စက်မှု၊ သင်္ချာသင်ပြနည်း၊ ပန်းချီ၊ သိပ္ပံသင်ပြနည်းနှင့် ကာယပညာ၊ အထွေထွေနှင့်လူမှုရေး၊အင်္ဂလိပ်စာသင်ပြနည်းများကို မေလ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့ထိ သတ်မှတ်ဘာသာရပ်အလိုက် (၇)ရက်တာ ဖြေဆိုရမည် ဖြစ်သည်။
ဆရာ/ဆရာမများအနေဖြင့် သင်ပြနည်းများမြင့်မားလာစေရန်၊ သင်ကြားသင်ယူမှု အထောက် အကူပစ္စည်းများ ကိုယ်တိုင်ဖန်တီးပြီး လက်တွေ့သင်ကြားတတ်မြောက်စေရန်၊ ကလေးများ နားလည်လွယ်သော သင်ကြားသင်ယူနည်းစနစ်ကောင်းများ အသုံးချမှုမြင့် မားလာစေရန်၊ ဒီပလိုမာ (Dip Ep) ဘွဲ့ ရရှိစေရန်ရည်ရွယ်၍ အဆိုပါ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းကို မတ်လ ၂၄ ရက်နေ့မှ မေ ၃၀ ရက်နေ့ထိဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)