ကရသူရိ မေ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး စိတ်ရွှင်လန်းစေရေးစကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းမဖွင့်မီ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်သား/သူကလေးငယ်များ အသိပညာဗဟုသုတများရရှိရေး၊ စာပေဝါသနာရှင်များ ထွန်းကားရေး၊ ထူးချွန်ထက်မြက်ရေး၊ စာပေအသိ၊ စာပေအတတ်ပညာများရရှိရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက ပြောကြားသည်။
ထို့နောက် စကားပုံဆက်ပြိုင်ပွဲကို ကျောင်းသား/ သူ (၁၅) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)