ကော့သောင်း မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းများကို ကော့သောင်းမြို့၊ အဝိုင်းပတ်နှင့် ရွှေပြည်စိုးကျေးရွာမီးပွိုင့်တို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဖြစ်ပြီး မိမိတို့ပတ်ဝန်းကျင်တွင် ပလတ်စတစ်အမှိုက်ကင်းစင်၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့အတွက် အမှိုက်ကောက် campaign များလည်း ဆောင်ရွက်ခြင်းနှင့် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပြည်သူများအား အသိပညာပေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)