တန့်ယန်းမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံခြင်း ဆောင်ရွက်မှုအား မြို့နယ်မှ တာဝန်ရှိသူများ ကြည့်ရှုအားပေး

တန့်ယန်း မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ အခြေခံပညာကျောင်း ကျောင်းအပ်နှံရေး သီတင်းပတ်အား မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားရာ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေကြရာ မြို့နယ်မှတာဝန်ရှိသူများက ယနေ့တွင် ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းတို့က လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံနေကြသော ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ စာရင်းရေးသွင်းခြင်း၊ အတန်းလိုက်ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးဆောင်လျက်ရှိကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)