ခမောက်ကြီးမြို့အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ​ခြင်းစတင်လက်ခံ

ခမောက်ကြီးမြို့ မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

“ကျောင်း‌နေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့် အညီအသက်  (၅)နှစ်ပြည့်ပြီး ကလေးတိုင်း (KG)တန်း၊အသက်(၆)နှစ်ပြည့်ပြီး ကလေးများကို (G-1)အတန်းတွင် ကျောင်းစတင်အပ်နှံရမည်ဖြစ်ပြီး အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှစတင်၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)