ခမောက်ကြီး မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်) မှ ကြီးမှူးကျင်းပသော နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ မေလ(၂၀)ရက်နေ့မှ စတင်ကျင်းပရာ ယမန်နေ့မေ(၂၂)ရက်နေ့က စာမေးပွဲဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာ၌ ကော့သောင်းမြို့နယ်သံဃနာယကအဖွဲ့ ဝင်ဆရာတော်များ၊ ခမောက်ကြီးမြို့တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပြီး နောက်ဆုံးနေ့ဖြေဆိုသည့် အဘိဓမ္မာဘာသာရပ်အား ဖြေဆိုသူ(၅၆)ဦးရှိကြောင်းနှင့် စာမေးပွဲဖြေဆိုသည့် ရက်များတွင် အလှူရှင်များက အာဟာရဖြည့် အချိုရည်နှင့်မုန့်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)