မိုးနဲ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံလက်ခံနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ တပ်နယ်မှ တပ်ရင်းမှူးဇော်နိုင်နှင့် အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးနှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များက လာရောက်ကြီးကြပ်ပေးလျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးသဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံနေသည့် ဆရာ/မများနှင့် လာရောက်အပ်နှံကြသည့် ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)