ဟိုပုံးမြို့ အ.ထ.က (၁) ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ စာမေးပွဲကျင်းပ

ဟိုပုံး မေ ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာန လုပ်ငန်းခွင်အတွင်းရှိ ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ၊ ဆရာမများကို ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာဘွဲ့ ရရှိစေပြီး ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝကာ သင်ကြားရေးစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော ဆရာ၊ ဆရာမများဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ ၏ ပညာ‌ရေးသဘောတရား၊ ဂီတအနုပညာဘာသာရပ် စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။

စာမေးပွဲတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ မိုင်းကိုင်မြို့နယ်မှ ဆရာ၊ ဆရာမများ စာရင်းရှိ (၄၀၂) ဦး၊ ဖြေဆို (၄၀၂) ဦး ဝင်ရောက်ဖြေဆိုပြီး ပညာ‌ရေးသဘောတရား၊ ဂီတအနုပညာ၊ ပညာရေးစိတ်ပညာ၊ စိုက်ပျိုးရေး၊ မြန်မာစာသင်ပြနည်း၊ အိမ်တွင်းမှု/စက်မှု၊ သင်္ချာသင်ပြနည်း၊ ပန်းချီ၊ သိပ္ပံသင်ပြနည်း၊ ကာယပညာ၊ အထွေထွေ၊ လူမှုရေး၊ အင်္ဂလိပ်စာသင်ပြနည်းဘာသာရပ်များကို ဖြေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစာမေးပွဲကို မေလ(၂၃)ရက်နေ့မှ မေလ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Diploma in Education and Pedagogy (Dip.EP) ၁/၂၀၂၅ အား မတ်လ ၂၄ ရက်မှ မေလ ၃၀ ရက်အထိ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၁ ဦး၊ သင်တန်းကြီးကြပ် ဆရာ၊ ဆရာမ ၁၃ ဦးဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး စာတွေ့/လက်တွေ့ သင်ကြားပေးကာ ဟိုပုံးမြို့နယ် ဆီဆိုင်မြို့နယ် နမ့်စန်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်မှ ဆရာ/ဆရာမများ တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)