မိုင်းနောင်မြို့တွင် ဓာတ်မြေသြဇာအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မိုင်းနောင် မေ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နေ့လယ်(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသော ဓာတ်မြေသြဇာအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ မိဘပြည်သူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ဓာတ်မြေသြဇာဆိုင်များ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ သုံးစွဲသူမိဘပြည်သူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးကို အလေးထားရန်နှင့် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)