နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သပြေကုန်ဈေးရှေ့ ပိတောက်လမ်းမကြီးသို့သွားရောက်ပြီး လမ်းဘေးရေနုတ်မြောင်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ရေနုတ်မြောင်းများ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်းစေရေးအတွက် အမှိုက်များ ရှင်းလင်းဆောင်ရွက်ရေးတို့ကို  မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သပြေကုန်းဈေးအတွင်း ဈေးရုံအဆောက်အဦ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ပျက်စီးမှုများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေး၊ လုပ်ငန်းများ အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး၊ ဈေးများ ပုံမှန်အတိုင်း အမြန်ဆုံးလည်ပတ်ရောင်းချနိုင်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမဝင်းအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်နိုင်ရန်အတွက် Container House များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် အောက်ခံခုံတုံးများ စနစ်တကျ ညီညာမှုရှိအောင် ဆောင်ရွက်ရန်၊ ရေရှည်ခိုင်ခန့်မှုရှိစေရေးအတွက် စနစ်တကျ သုံးစွဲဆောင်ရွက်ရန်၊ သောက်သုံးရေများနှင့် သန့်စင်ခန်းများ လုံလောက်စွာ ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် သဇင် ၅ အဆောင်များနှင့် ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၃၁၀၃ တို့အား  ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြု‌ပြင်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူဒီပရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာ ၁ ဝန်းအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေးပိုက်လိုက်များ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း (AC)ခင်းကျင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အမြန်ပြီးစီးအောင်‌ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် အပိုင်းလိုက် စနစ်တကျဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ပြီး နေ့ဆိုင်း ညဆိုင်းဖြင့် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့သွားရောက်ပြီး ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ၊ Cement grouting  ဆောင်ရွက်နေမှု၊  Backhoe breaker များဖြင့် Soil stabilization ဆောင်ရွက်နေမှုနှင့်  မူလရင်ပြင်‌တော် ကြမ်းခင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင်ဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ရေးနှင့် မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း  သိရသည်။

မျိုးသီဟ (ပြန်/ဆက်)