တိုက်ကြီး မေ ၂၂
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရန်နှင့်ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ဆဋ္ဌမ)အကြိမ် ပြန်လည်ထုတ်ချေးခြင်းကို မေလ ၂၁ ရက်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မွတ်သားကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် မွတ်သားကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ ၃၈ ဦးကို ငွေကျပ် ၁၃၆ သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၅၁ ဦးကို ငွေကျပ် ၁၄၉ သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦးကို ငွေကျပ် ၄၂ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦးကို ငွေကျပ် ၁၉ သိန်း၊ အသင်းသားစုစုပေါင်း ၁၁၀ ဦးအတွက် ငွေကျပ် ၃၇၃ သိန်းကို စီမံကိန်းတာဝန်ခံများက စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်