ထားဝယ်မြို့အမှတ်(၁) အခြေခံပညာကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကြည့်ရှုအားပေး

ထားဝယ်   မေ  ၂၂

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KGတန်းမှ Grade-12  ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်မေလ (၂၂)ရက် နေ့မှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တိုင်းဒေသကြီးဝန်ကြီးများက အမှတ် (၁) အခြေခံပညာ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျောင်းသားလက်ခံ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုများ အပေါ်အဆင်ပြေချော့မွေ့အောင် လက်ခံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများအား နွေးထွေးပျူငှာစွာကြိုဆိုလက်ခံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသုံး ပုံနှိပ်စာအုပ် အပါအဝင် အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။

ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများတို့တွင် ကျောင်းအပ်နှံရေးကာလ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်အထိ ကျောင်းအပ် လက်ခံခြင်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ရာKG မှ Grade-5 အထိ မူလတန်းကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ(၁)စုံ ၊ ဗလာစာအုပ် နှင့်ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ခဲတံ Geade-6 မှ Grade-12  အလယ်တန်းနှင့်အထက်တန်းကျောင်းသားကျောင်းသူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက် သင်ကြားကြ မည့်ကျောင်းသား/သူများအား ကျောင်းသားမိဘများ ညီအစ်ကို၊ မောင်နှမများက လာရောက်အပ်နှံ လျက်ရှိရာ ဆရာ/မများက နွေးထွေးပျူငှာစွာကြိုဆိုလက်ခံလျက်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)