စမ်းချောင်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် e ID အထစမှ ထုတ်ယူရရှိသည့် ကိုင်ဆောင်လက်မှတ်မရှိသူများအား စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်အခြေပြု၍ အိမ်အရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း