ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

ပြည်ကြီးတံခွန်  မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(၂၇) အခြေခံပညာအထက်တန်း‌ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ် စတင်လက်ခံနေကြောင်း သိရသည်။

အဆိုပါ ကျောင်းလာအပ်နှံသည့် ကျောင်းသား/သူများအား ဆရာ/ဆရာမများက အထက်တန်း၊ အလယ်တန်း၊ မူလတန်း စသည့်အတန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် မူလတန်းအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဘော့ပင်၊ ခဲတံများကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကျောင်းအပ်လက်ခံရာတွင် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ အထိ ‌ကျောင်းအပ်လက်ခံ ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)