မိတ္ထီလာမြို့နယ်တွင် “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က   သူနာပြုသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာကကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံ တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်၊ မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ (၅၂)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပလတ်စတစ် စတင်ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ်အမျိုးအစား၊ ပလတ်စတစ်ညစ်ညမ်းမှု ဖြစ်ပေါ်လာစေသော အကြောင်းအရင်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုမှ တဆင့် ဖြစ်ပွားစေသောရောဂါများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော သူနာပြုဆရာ ဆရာမများက သိလိုသည်များနှင့် အကြံပြုလိုအပ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာနှင့် ဝန်ထမ်းများက (၅၂) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)