မလှိုင် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မလှိုင်) စာသင်ကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အဖွင့်အမှာစကားဦးစွာပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ နိုင်ငံတော်မှအခမဲ့ ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးမှာတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်အပ်နှံနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)