ဘုတ်ပြင်း မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်စာဖတ်ပရိတ်သတ်တို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေး အသိပညာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင်ဒေါ်ခိုင်သဇင်ထွန်းက ကလေးများ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်သည့်နည်းလမ်းများနှင့်ကလေးသူငယ် အစာကျွေးမွေးပြုစုခြင်း ခေါင်းစည်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ယဉ်ယဉ်ထွေးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါ စသည့် စာအုပ်ပါခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိတ်သတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)