ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ စတင်လက်ခံ

ကော့သောင်း မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်း‌နေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၅)နှစ်ပြည့်ပြီး ကလေးတိုင်း (KG)တန်း၊ အသက်(၆)နှစ်ပြည့်ပြီး ကလေးများကို (G-1)အတန်းတွင် ကျောင်းစတင်အပ်နှံရမည်ဖြစ်ပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့ မှ စတင်၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)