မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းဖြတ် မေ ၂၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ​ကျောင်းအပ်လက်ခံခြင်းကို ​ယနေ့​နံနက်ပိုင်းစ၍ မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများတွင် စတင်လက်ခံ​နေပြီဖြစ်​ကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် ​မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများက လာ​ရောက်အပ်နှံကြပြီး ဆရာ၊ ဆရာမများက လက်ခံလျက်ရှိရာ(KG)တန်းမှ (Grade-5)ထိ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်ဖတ်စာအုပ်(၁)စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ စာ​ရေးကိရိယာနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ (Grade-6)မှ (Grade-12)အထိ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်(၁)စုံ၊ ဗလာ စာအုပ်တစ်ဒါဇင်၊ စာ​ရေးကိရိယာများကို(အခမဲ့)  ​​ပေးအပ်ခဲ့​ကြောင်း သိရသည်။ 

အဆိုပါ ​ကျောင်းအပ်လက်ခံ​ပေး​နေမှု အ​ခြေအ​နေများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း ဥက္ကဋ္ဌ ​ဒေါ်နွဲ့နွဲ့ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များက လာ​ရောက်ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် အထက်တန်း​ကျောင်း (၂) ကျောင်း၊ အလယ်တန်း​ကျောင်း (၁)​ ကျောင်း၊  အလယ်တန်း​ကျောင်း(ခွဲ) (၃​) ကျောင်း၊ မူလတန်းလွန်​ကျောင်း (၉) ကျောင်း၊ မူလတန်း​ကျောင်း (၆၉)​ ကျောင်း၊ စုစု​ပေါင်း (၈၄)​ ကျောင်းရှိ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)