မရမ်းကုန်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို မေလ ၂၀ ရက်နေ့နံနက် ၈ နာရီက အမှတ်(၁၊၂၊၃၊၅၊၆၊၈၊၉) ရပ်ကွက်များရှိ အသက်၅နှစ်အောက် ကလေးသူငယ်များကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ထိုးနှံပေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာ၊ဆရာမများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဝင်းဝင်းမော်ပါဝင်သော တပ်ဖွဲ့ဝင်(၁၂)ဦး ပါဝင်ကူညီခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ ကျန်ရှိနေသော မရမ်းကုန်းမြို့နယ်အတွင်းရှိရပ်ကွက်များမှ ကလေးသူငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)