ရပ်စောက် မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ရပ်စောက်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၃၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းတို့တွင် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းကို အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်