မိုင်းစံ မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှကြီးကြပ်၍ ဆရာ/ဆရာမများက KG တန်းမှ GRADE–12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသား/သူများအား ယနေ့နံနက်ပိုင်းမှ စတင်ပြီး ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)