ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ညောင်ဦး မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့နံနက် ၁၁ နာရီအချိန်က သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက တိုးတက်ပြောင်းလဲနေသော နည်းပညာရပ်များနှင့်အတူ သတင်းရေးသား ရိုက်ကူးတည်းဖြတ်ခြင်းအတတ်ပညာများ၊ သတင်းတု၊ သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေးသည် အရေးပါလျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်းများသည် ပြည်သူလူထုကို အသိပညာပေးရသော ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများဖြစ်သည်နှင့်အညီ အရည်အချင်းများရှိပြီး အရည်အသွေး ကောင်းမွန်သောသတင်းများရေးသားနိုင်ရေး၊ အဆင့်မီသည့် သတင်းဗီဒီယိုများကို ကျွမ်းကျင် ပိုင်နိုင်စွာ လက်တွေ့ရိုက်ကူးတည်းဖြတ်နိုင်ရေး ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းဆက်လက်ပို့ချရာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက အခြေခံသတင်း ပညာ၊ သတင်းထုတ်ပြန် ခြင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက သတင်းအချက်အလက်များ စုဆောင်းခြင်းကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဝင်းထိန်က သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းကိုလည်းကောင်း မေလ ၂၂ ရက်မှ ၂၃ ရက်အထိ စာတွေ့၊ လက်တွေ့သင်တန်းပို့ချလျက်ရှိရာ ညောင်ဦး၊  ငါ့သရောက်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများက သင်တန်းခန်းမတွင်လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ZOOM Appl –ication ဖြင့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း