ကျေးသီး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးသီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း (၁၅၀၀၀) ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် အပင်ပေါင်း (၁၅၀၀၀) ပင် စိုက်ပျိုးထားရှိသည်။ ဒေသတွင်း စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်ရန် မဲဇလီ (၃၀၀၀)ပင်၊ ချယ်ရီ (၃၀၀၀)ပင်၊ စိန်ပန်းပြာ (၃၀၀၀)ပင်၊ ခါတော်မီ (၃၀၀၀) ပင်၊ ရေသင်းဝင် (၂၀၀)ပင်၊ ထင်းရှူး (၁၈၀၀) ပင်၊ စိန်တခြူ (၁၀၀၀) ပင်တို့ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
စိုင်းငင်း (ပြန်/ဆက်)