ချမ်းမြသာစည် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ထက်/လယ်/မူ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ကျောင်းသား/သူများ ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက် ၈:၀၀နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်၍ သမီးကို ကျောင်းလာအပ်တာပါ၊ Grade -7 တက်မှာပါ ၊ ဒီနေ့ စာရင်းစတင် လက်ခံပြီဆိုလို့ လာအပ်တာပါ၊ ပုံမှန်တက်ခဲ့တာပါ၊ ကျွန်မတို့ ပညာပြီးဆုံးအောင် မတက်ခဲ့ရတော့ သမီးကို ပညာတတ်ကြီး ဖြစ်စေချင်တာပါ၊ ကျွန်မတို့ မိဘတွေအနေနဲ့ ကိုယ့်သား/ သမီး ပညာဆက်လက်သင်ယူနိုင်အောင် အစွမ်းကုန်ကြိုးစားပေးဖို့ တာ၀န်ရှိပါတယ်ရှင့်ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သလိုပညာရေး တာ၀န်ရှိသူတစ်ဦးကလည်း စာရင်းစတင် လက်ခံတဲ့နေ့ဆိုတော့ မိဘတွေရော ကျောင်းသား/ သူတွေရော တိုးမပေါက်ဘူးဗျ- ဆရာ/ဆရာမတွေအနေနဲ့ ကျောင်းအပ်လက်ခံခြင်းကို စနစ်တကျနဲ့ဆောင်ရွက်ပေးနေသလို ဘာအခကြေးငွေမှလည်း ကောက်ခံမှုမရှိပါဘူး၊ ဒီနေ့ကစပြီး ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ် အားလုံးကို အခမဲ့ ထုတ်ပေးလျက်ရှိပါတယ်ဟု ပြောကြားခဲ့သည်။
ချမ်းမြသာစည်မြို့နယ်အတွင်းတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ တာ၀န်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး ကျောင်းအပ်နှံခြင်းကို မေလ ၂၂ မှဇွန် ၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့