မိုင်းဆတ် မေ ၂၂
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကိုယ်တိုင်လာရောက်အပ်နှံပေးလျက်ရှိရာ လာရောက်ကျောင်းအပ်နှံသော ကျောင်းသား၊ ကျောင်းသူ များအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား အခမဲ့ထောက်ပံ့ပေးပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်း များဆောင်ရွက်ရခြင်းအတွက် ငွေကြေးတစ်စုံတစ်ရာပေးအပ်ရခြင်းမရှိကြောင်းလည်း မိဘအုပ်ထိန်း သူများထံမှ သိရသည်။
မိုင်းဆတ်မြို့နယ်တွင် အခြေခံပညာကျောင်းများအနေဖြင့် အထက်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃) ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၅)ကျောင်း၊ မူလတန်းကျောင်း(၅၄)ကျောင်း၊ မူလတန်းကျောင်းခွဲ (၁၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း(၉၈)ကျောင်းရှိပြီး အဆိုပါကျောင်းကို ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ် သွားမည်ဖြစ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)